Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Showing posts with label Mixing News. Show all posts
Showing posts with label Mixing News. Show all posts

အင်တာနက်က သက်ကြီးရွယ်အိုများအတွက် ကောင်းကျိုးဖြစ်စေနိုင်

အင်တာနက်က သက်ကြီးရွယ်အိုများအတွက် ကောင်းကျိုးဖြစ်စေနိုင်


င်္Facebook နှင့် YouTube ကဲ့သို့ အင်တာနက် ၀က်ဘ်ဆိုက် များမှာ သက်ကြီးရွယ် အိုများ အတွက် ဦးနှောက် ကို နိုး ကြားသွက်လက်စေပြီး မှတ်ဥာဏ် လျော့ကျ ပျက်စီးခြင်းအား ကာ ကွယ်တား ဆီးနိုင် ကြောင်း သိပ္ပံ ပညာရှင်များက ပြော ကြားသည်။ှSocial Networkin ၀က်ဘ် ဆိုက်များနှင့ှ်ု Skype ကဲ့သို့ အွန် လိုင်းဝန် ဆောင်မှုများကို မကြာ ခဏ အသုံးပြုတတ် သည့်သက်ကြီး ရွယ်အိုများမှာ ထိုသို့အသုံးပြုလေ့ မရှိသည့် သက်ကြီး ရွယ်အိုများ ထက် ဦးနှောက်ပိုင်း ဆိုင်ရာတွင် ပို၍ နိုးကြား သွက်လက်ကြကြောင်း လေ့လာမှု တစ်ခုက ဆိုသည်။ အင်တာနက်သုံးခြင်းဖြင့် စိုးရိမ်ကြောင့်ကြမှု၊ စိတ်ဖိစီးမှုနှင့် စိတ်ဓာတ် ကျခြင်းတို့ကို လျော့နည်းစေနိုင် သလို သက်ကြီးရွယ်အိုများအတွက် လူမှုပတ်ဝန်း ကျင်နှင့်ထိတွေ့ဆက်ဆံမှုတွင် အထောက်အကူ ဖြစ်စေသည်။ Social network နှင့် IT နည်းပညာ တို့မှာ သက်ကြီးရွယ်အိုများကို ပိုမိုနုပျိုစေနိုင်ပြီး မှတ်ဥာဏ်ကိုလည်း ပိုမိုတိုးတက် စေ နိုင်ကြောင်း သိရသည်။ အီတလီနိုင်ငံမှ သုတေသနပညာရှင်များက စောင့် ရှောက်ရေး ဂေဟာနှစ်ခုရှိ သက်ကြီးရွယ်အိုများကို လေ့လာမှုများပြုလုပ်ခဲ့ကြ သည်။
အဆိုပါ ဂေဟာများတွင်လက်ပ်တော့နှင့် ၀ါယာလက်စ်အင်တာနက်စနစ် များ တပ်ဆင်ပေး ထားပြီး အင်တာနက်သုံးစွဲပုံကို သင်ကြားပေးခဲ့ကြသည်။ သက်ကြီးရွယ်အိုများကိုလည်း Facebook, Twitter ကဲ့သို့ Social networking ၀က်ဘ်ဆိုက်များနှင့် Skype ကဲ့သို့ အွန်လိုင်းမှ တယ်လီဖုန်း ဆက် သွယ်ပြောဆိုနိုင်သည့် ၀က်ဘ်ဆိုက်များတွင် ၎င်းင်းတို့၏ ကိုယ်ပိုင် Account များပြုလုပ်ပေးခဲ့သည်။ ထိုလေ့လာမှုအရ အင်တာနက် အသုံးပြုသည့် သက် ကြီးရွယ်အိုများမှာ အင်တာနက် အသုံးမပြုသည့် သက်ကြီးရွယ်အိုများထက် ပိုမိုနိုးကြား တက်ကြွမှုရှိကြောင်း သုတေသန ပညာရှင်များက ပြောကြားသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း အင်တာနက်မ Social networking ၀က်ဘ် ဆိုက်များ အသုံးပြု သည့် သက်ကြီးရွယ်အို အရေအတွက်မှာ ၈၀ ရာခိုင်နှုန်းအ ထိ တိုးတက်လာခဲ့သည်။ Facebook  နှင့် MySpace တွင် profile ပြုလုပ်ထား သူများအနက် ၈ ရာခိုင်နှုန်းမှာ သက်ကြီးရွယ်အို အငြိမ်းစားများဖြစ်ကြသည်။ သက်ကြီးရွယ်အို ၁ဒသမ၅သန်းကျော်မှာ င်္ Facebook တွင် profile ပြုလုပ် ထားပြီး Skype အသုံးပြုကာ မိတ်ဆွေများ၊ ဆွေမျိုးများနှင့် ဆက်သွယ်လေ့ ရှိကြကြောင်းလည်း သိရသည်။

နေလုံးကြီးသည် ပုံမှန်မဟုတ်သော လှုပ်ရှားမှုသို့ဦးတည်နေသဖြင့် ကမ္ဘာမြေသည် ဆယ်နှစ် အတွင်းရေခဲခေတ် အငယ်စားတစ်ခုနှင့်ရင်ဆိုင်ရနိုင်

နေလုံးကြီးသည် ပုံမှန်မဟုတ်သော လှုပ်ရှားမှုသို့ဦးတည်နေသဖြင့် ကမ္ဘာမြေသည် ဆယ်နှစ် အတွင်းရေခဲခေတ် အငယ်စားတစ်ခုနှင့်ရင်ဆိုင်ရနိုင်


နေလုံးကြီးသည်ပုံမှန်မဟုတ်သောလှုပ်ရှားဆီသို့ ဦးတည်နေသောကြောင့် ကမ္ဘာမြေသည် ဆယ်နှစ်အတွင်းရေခဲခေတ်အငယ်စားတစ်ခုနှင့် ရင်ဆိုင်ရဖွယ် ရှိကြောင်းသိပ္ပံပညာရှင်များက ဇွန်လ(၁၅)ရက်နေ့တွင် ပြောကြားခဲ့သည်။ ၂၀၂၀ပြည့်နှစ်နောက်ပိုင်းတွင် ကမ္ဘာကြီးပူ နွေးလာမှု ကို လျှော့ချနိုင်သည့် ရလဒ်များရလာဖွယ်ရှိပြီး ယင်းအချိန်၌ပင် နေလုံးကြီး၏ အချို့နေရာများ ပျောက် ကွယ်လာဖွယ်ရှိသည်ဟုဆိုသည်။ နေလုံးကြီး၏ အချို့နေရများ ပျောက်ကွယ် လာမှုသည်ဆယ်စုနှစ်တစ်ခုအတွင်း၌ပင် ဖြစ်ပေါ်လာနိုင်သည်ဟုဆိုသည်။ နေပွက်ကြီး များဖြစ်ပေါ်မှုက ကမ္ဘာမြေရှိဂြိုလ်တု ဆက်သွယ်ရေးလိုင်း များနှင့် ဓာတ်အားလိုင်း များကို နှောင့်ယှက်ဖျက်ဆီးနိုင်ပြီး ယင်းနေပွတ်ကြီးများကြောင့် နေလုံးကြီး၏ အချို့နေရာများ ပျောက်ကွယ်သွား လိမ့်မည်ဟု ဆိုသည်။ ယင်း နောက်နေလုံးကြီး၏အချို့နေရာများတွင် အပူချိန် လျှော့ကျကာကမ္ဘာကြီးသည် ရေခဲခေတ်နှင့် ရင်ဆိုင်ရဖွယ်ရှိနေခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု အ မျိုးသားနေလေ့လာရေးအဖွဲ့မှ ဖရန့်ဟေးခေါင်းဆောင်သောသုတေသနအဖွဲ့ က ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ၂၂နှစ်တွင်တစ်ခါနေလုံးကြီး၏ သံ လိုက်စက်ကွင်းပြင်းအားသည် မြောက်မှတောင်သို့ရွေ့လျားလေ့ရှိသဖြင့် ၁၁ နှစ်လျှင်တစ်ခါနေပွက်ကြီးများဖြစ်ပေါ်တတ်သည်ဟုဆိုသည်။ နေလုံးကြီးသည် (၁၁)နှစ်ကြာစက်ဝိုင်းတွင်လေးနှစ်ကြာခန့်နေပွက်အနည်းငယ်မျှသာဖြစ်ပေါ်ပြီး ငြိမ်သက်နေတတ်သည်ဟုဆိုသည်။ သိပ္ပံပညာရှင်များက ၂၀၂၀ပြည့်နှစ်တွင် နေပွက်အလွန်အမင်းများပြားမှုစတင်ဖြစ်ပေါ်ပြီး နေ၏အချို့နေရာများဆုံးရှုံးရ မှုကိုရင်ဆိုင်ရမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

သင့် နံနက်စာကို ဖျော်ရည် တစ်ခွက်နှင့် တွဲဖက် စားသုံးပါ


သင့် နံနက်စာကို ဖျော်ရည် တစ်ခွက်နှင့် တွဲဖက် စားသုံးပါ

 နံနက်ခင်း စောစောမှာ အစာစားဖို့ ဘာကြောင့် လိုအပ်လဲဆိုတာ သင်လည်း သိမှာပါနော်။ တစ်နေ့လုံး တက်ကြွ ရွှင်လန်းစွာ သွားလာ လှုပ်ရှားနိုင်ဖို့ နံနက်စာက သင့်အတွက် လောင်စာ တစ်မျိုးပါပဲ။ အာဟာရ ပြည့်ဝတဲ့ နံနက်စာက သင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ခွန်အားတွေကို ပေးစွမ်းနိုင်ပါတယ်။ တကယ်လို့ သင်က အလုပ် တစ်ခုခုကြောင့်၊ အရေးကြီး ကိစ္စတွေ ရှိတာကြောင့် နံနက်စာ မစားမိတဲ့အခါ တစ်နေကုန်ရင် ခံသွားပြီး နေ့လယ်စာပါ စားမ၀င်နိုင်တာမျိုး ဖြစ် တတ် ပါတယ်။ ဒါမှမဟုတ် နေ့လယ်စာကို ပိုစားမိတာမျိုးတွေ ဖြစ်တတ်ပါတယ်။
နံနက်စောစော အချိန်ဟာ လူတစ်ယောက်အတွက် အားအင်တွေ အပြည့်အ၀ရှိနေရမယ့်အချိန်ပါ။ နံနက် အိပ်ရာထချိန်မှာ သင်ဟာ အစာနဲ့ ၁၀နာရီလောက် ကင်းကွာ နေပါလိမ့်မယ်။ အဲဒီလောက် ကင်းကွာနေပြီး အိပ်ရာနိုးချိန်မှာ နံနက်စာ မစားဘဲ နေမယ်ဆိုရင် သင့်အစာအိမ်ကို ဒုက္ခပေးနိုင်သလို သင့်ရဲ့ တစ်နေ့တာ လှုပ်ရှားတာတွေ ကိုလည်း နှေးကွေးစေပါတယ်။ နံနက်စာ မစားလို့ နေ့လယ်စာ ပိုစားမိပြန်တော့လည်း သင့်ခန္ဓာ ကိုယ် အလေးချိန်ကို ထိန်းမထားနိုင်တာတွေ ကြုံတွေ့နိုင်ပါတယ်။ သင်ဟာ နံနက်စာကိုသာ ကောင်းကောင်း စားထားမယ်ဆိုရင် သင့် တစ်နေ့တာအတွက် အလွန် အကျိုးရှိနိုင်သလို နေ့လယ်နေ့ခင်း သရေစာ စားသောက်တာလည်း လျော့နည်း သွားနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ တစ်နေ့တာ လုပ်ဆောင်တာ တွေကို ခွန်အားအပြည့်နဲ့ တက်တက်ကြွကြွ လုပ်ဆောင်နိုင်ဖို့ အာဟာရ ပြည့်ဝတဲ့ နံနက်စာကို မှန်မှန်ကန်ကန် ရွေးချယ် စားသောက်တတ်ဖို့ လိုအပ်ပါ တယ်။
မှန်ကန်တဲ့ နံနက်စာ ရွေးချယ် စားသောက်မှု ဆိုတာက အဆီ၊ ကိုလက်စထရောနဲ့ ဆား(အငန်ဓာတ်) ပါဝင်မှုနည်းတဲ့ အစားအစာတွေ စားသုံးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အာဟာရ ပြည့်ဝပြီး ခွန်အား ဖြစ်စေတဲ့ နံနက်စာကို ရွေးချယ် စားသောက်နိုင်အောင် ဖော်ပြ လိုက်ရပါတယ်။
x နံနက်စာကို ဂျုံအပြည့်အ၀ ပါဝင်တဲ့ ပေါင်မုန့်၊ နံပြား၊ ခေါက်ဆွဲ စတာတွေ စားပေးရပါမယ်။ x အဆီ ထုတ်ထားတဲ့ နို့နဲ့ နို့ထွက် ပစ္စည်းတွေ ဒါမှမဟုတ် သစ်သီးဖျော်ရည် တစ်ခုခုကိုပါ သောက်သုံး ပေးရပါမယ်။
x သစ်သီး ဖျော်ရည်ကို ဗီတာမင် စီဓာတ် အပြည့်အ၀ပါဝင်တဲ့ စတော်ဘယ်ရီသီး၊ သံပရာသီးတွေကို ဖျော်ရည်ပြုလုပ်ပြီး သောက်သုံး ပေးနိုင်ပါတယ်။
x ဒါပေမဲ့ နံနက်စာကို အာလူးကြော်၊ အီကြာကွေး၊ စမူဆာ၊ ပလာတာ၊ ဘူးသီးကြော် စတဲ့ ထပ်ကာထပ်ကာ အသုံးပြုထားတဲ့ ပြန် ကြော်ဆီနဲ့ ကြော်ထားတဲ့ အစားအစာတွေကိုတော့ လျှော့စား သင့်ပါတယ်။
ဒီနေ့ကစလို့ သင်ရဲ့ နံနက်စာ စားသောက်ပုံကို ပြောင်းလဲသင့်ပါပြီ။ နံနက်စာက သင်ရဲ့ တစ်နေ့တာအတွက် အရေးပါ အရာရောက်တဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း သင် လက်ခံတယ်ဆိုရင် ဒီနေ့ပဲ ပြောင်းလဲ လိုက်ကြပါစို့။
နံနက်စာကို ကော်ဖီ၊ လက်ဖက်ရည်တို့ သောက်မယ့်အစား သစ်သီး ဖျော်ရည် တစ်ခုခုနဲ့ တွဲဖက် စားသုံးတာက သင့်ကို ကျန်းမာ နုပျို စေပါတယ်။ ဒါ့အပြင် ၀မ်းမှန်စေတာကြောင့် သင့် တစ်နေ့တာလုံး ပေါ့ပါး သွက်လက်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်မှာပါ။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည် တစ်ခွက်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစွာ ပါဝင်ပါတယ်။ ဗီတာမင်အေ က သင့်အမြင်ကို ကြည်လင်စေပြီး အသားအရေ လှပစေပါတယ်။
ဗီတာမင်ဘီ အုပ်စုက ခန္ဓာကိုယ်မှာ တစ်သျှုး အသစ်တွေ ဖြစ်ပေါ်စေခြင်း၊ စွမ်းအင်အဖြစ် ပြောင်းလဲ ပြုလုပ်ပေးခြင်း၊ သွေးနီဥတွေ ဖြစ်ပေါ်စေခြင်း၊ အာရုံကြောတွေ အားကောင်းစေခြင်း ဖြစ်စေပါတယ်။ ဗီတာမင်စီက ခန္ဓာကိုယ် အတွက် သံဓာတ်စုပ်ယူမှုကို အားပေးပါတယ်။ သွားနဲ့ သွားဖုံးတွေကို ခိုင်ခံ့ကျန်းမာစေပြီး ဆဲလ်အသစ် ဖြစ်ပေါ်စေတာကြောင့် အနာကျက် မြန်စေပါတယ်။ ဗီတာမင်ဒီ က အရိုးနဲ့ သွားတွေကို သန်မာစေပါ တယ်။ ဗီတာမင်အီးက အိုမင်းရင့်ရော်စေတဲ့ ခန္ဓာကိုယ်တွင်းရှိ ဓာတ်တိုး ပစ္စည်းတွေကို ဟန့်တားပေးတဲ့ အင်တီ အောက်ဆီးဒင့် အဖြစ် လုပ်ဆောင် ပေးပါတယ်။
ဗီတာမင်ကေက သာမန် သွေးခဲတာကို အားပေးပါတယ်။ ဖောလစ်အက်စစ်ကီဗြီ ဖြစ်ပေါ်မှုနဲ့ သွေးနီဥ ဖြစ်ပေါ်တာကို အားပေးပါတယ်။ သင့် နံနက်စာကို ဖျော်ရည်တစ်ခွက်နဲ့ တွဲဖက် သောက်သုံး လိုက်ရုံနဲ့ သင့် ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ ဗီတာမင်ဓာတ်တွေကို ရရှိ နိုင်ပါတယ်။